Gear up your body with immunity boosters to fight viruses and bacteria. Get ultimate protection for the whole family. We will deliver to you in 5 days.

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

  • ၁။ Website အသုံးပြုရန် အကောင့်ဆောက်ခြင်း။

    • ၁.၁။ Website အသုံးပြုမည့်သူများသည် ဝယ်ယူမည့် Order များ မစတင်ခင်တွင် User Account တစ်ခု ဆောက်ပေးရမည်။ အကောင့်တည်ဆောက်ရာတွင်လည်း ထည့်သွင်းမည့် အချက်အလက်များထည့်သွင်းပေးရမည့် အချက်အလက်များသည် မှန်မှန်ကန်ကန် ထည့်သွင်းပေးရမည်မှာ အကောင့်အသုံးပြုသူ၏ တာဝန်ဖြစ်သည်။
    • ၁.၂။ Website မှာ အကောင့်ဆောက်ရာတွင် အကောင့်အသုံးပြုမည့်သူအနေနှင့် လျှို့ဝှက်ကုပ် (Password) ကို ထည့်သွင်းပြီး သေချာစွာ မှတ်သားထားရမည်ဖြစ်ပါသည်။ မိမိ၏ လျှို့ဝှက်ကုပ်အား အခြားသူများ မပေါက်ကြားအောင် တာဝန်ယူပေးရမည် ဖြစ်ပါသည်။ အကြောင်းကြောင်းကြောင့် ပေါက်ကြားသွားပြီဟု သိရှိပါက GNC Website Customer Care သို့ အမြန်ဆုံး အကြောင်းကြားရမည် ဖြစ်ပြီး လျှို့ဝှက်ကုပ်ပေါက်ကြားခြင်းကြောင့် ဖြစ်ပေါ်သည့် ကိစ္စရပ်အားလုံးကို အကောင့်ပိုင်ရှင်ကသာ တာဝန်ယူရမည်ဖြစ်သည့်အတွက် လျှို့ဝှက်ကုပ် မပေါက်ကြားအောင် သေချာစွာ ဂရုတစိုက်မှတ်ထားရပါမည်။
    • GNC Website တွင် အကောင့် တည်ဆာက်ပြီးတာနှင့် GNC Myanmar ကုမ္မဏီမှ အခါအားလျော်စွာထုတ်ပြန်သော ပရိုမိုးရှင်း သတင်းများနှင့် စာစောင်များကို အကောင့် အသုံးပြုသူ၏ e.mail သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး၊ အဆိုပါ ပရိုမိုးရှင်းသတင်းနှင့် မတ်ဆေ့ များ လက်ခံယူလိုခြင်းမရှိပါက GNC Myanmar Website Customer Care ဌာနသို့ ဖုန်းဆက်၍ အချိန်မရွေး e.mail လက်ခံမှု ရပ်နားရန် အသိပေးပြောဆို နိုင်ပါသည်။
  • ၂။ Website နှင် ပက်သက်သည့် စည်းကမ်းချက်များ

    • ၂.၁ ။ GNC Myanmar Website မှ လူကြီးမင်းတို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုများကိုသာ ပေးသွားမည် ဖြစ်ပါသည်။ အကောင့် အသုံးပြုသူများ၏ လိုအပ်ချက်ကို ပြည့်မှီအောင် အကောင်းဆုံး ကြိုးစားပေးမည် ဖြစ်သော်လည်း ပေးထားသော ဝန်ဆောင်မှုများတွင် လိုအပ်ချက်များ ကြုံတွေ့ကောင်းကြုံတွေ့နိုင်ပါသည်။ ယခုလို အဆင်မပြေမှုများကြုံတွေ့လာပါက Website Customer Care ဌာနသို့ ဖုန်းဆက်အကြောင်းကြားနိုင်ပါသည်။
    • ၂.၂။ တခါတရံတွင် Website အသုံးပြုသူများအနေနှင့် ကျွန်တော်တို့ Website မှ ပေးသော ဝန်ဆောင်မှုများ ပြတ်တောက်တက်သော အခြေအနေများနှင့် ကြုံနိုင်ကောင်းကြုံနိုင်ပါလိမ့်မည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း Website အတွက် လိုအပ်သည့် ပြင်ဆင်မှုများနှင့် အချက်အလက်များ ပြင်ဆင်ဖြည့်စွက်နေခြင်းသာ ဖြစ်ကြောင်း ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။
  • ၃။ မူပိုင်ခွင့်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ

    • ၃.၁။ GNC Myanmar Website တွင်အသုံးပြုထားသော စာအရေးအသား၊ ဓါတ်ပုံ စသည့် ကကြောင်းများသည် GNC Myanmar ကုမ္မဏီ၏ ပိုင်ဆိုင်မှုများသာဖြစ်ပြီး၊ ကူးယူအသုံးပြုခြင်း၊ ပြန်လည်ပြင်ဆင်ရေးသားဖော်ပြခြင်း၊ တိုက်ရိုက်အသုံးပြုခြင်း စသည်များကို လုံးဝခွင့်မပြုပါကြောင်းနှင့် ကူးယူဖော်ပြချင်ပါက GNC Myanmar ကုမ္မဏီသို့ ခွင့်ပြုချက် ရယူရမည်ဖြစ်ပါသည်။
    • ၃.၂။ GNC Myanmar ကုမ္မဏီ၏ ခွင့်ပြုချက်မရှိပဲ GNC Logo ၊ ကုန်အမှတ်တံဆိပ် စသည်တို့ကို ကူးယူအသုံးပြုခြင်း လုံးဝခွင့်မပြုပါ။
  • ၄။ Website အကောင့်ပိတ်သိမ်းခြင်းအတွက် စည်းကမ်းချက်များ

    • ၄.၁။ GNC Myanmar Website ကို အသုံးပြုတဲ့အကောင့်သည် အောက်ပါအကြောင်းခြင်းရာများကို ဖောက်ဖျက်ပါက အကောင့်ကို ပိတ်သိမ်းသည်အထိ အရေးယူခံရမည်ဖြစ်ပါသည်။
      • ၄.၁.၁။ Website မှ ချမှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့ပါက ၊
      • ၄.၁.၂။ Website သို့ ဝင်လာပြီး မသင်္ကာစရာ အပြုအမှုနှင့် လိမ်လည်မှုများပြုလုပ်မည်ဆိုပါက
      • ၄.၁.၃။ တရားဥပဒေ နှင့်မလျော်ညီ ဖောက်ဖျက်သည့် အမှုကအကျင့်၊ အခြင်းအရာများပြုလုပ်မည်ဆိုပါက
  • ၅။ GNC ကုမ္မဏီမဟုတ်သော အခြားသော သူများ၏ အကြောင်းအရာအတွက် စည်းကမ်းများ

    • GNC Myanmar Website ပေါ်တွင် ကုမ္မဏီမှ မဟုတ်သော အခြားသော Customers များ၊ Client များ၏ သတင်းများ၊ ပြောကြားချက်များ၊ ထင်မြင်ယူဆချက်များ၊ Reviewများ၊ အချက်အလက်များ ပေါ်တွင် GNC Myanmar Company အနေနှင့် လုံး၀ တာဝန်ယူမည် မဟုတ်ကြောင်း၊ ပြသာနာတစ်စုံ တစ်ရာပေါ်ပေါက်ခဲ့ပါကလည်း GNC Myanmar ကုမ္မဏီနှင့် လုံးဝမသက်ဆိုင် ပါကြောင်းပြောကြားအပ်ပါသည်။

အရောင်းနှင့် ပက်သက်သည့်စည်းကမ်းချက်များ

  • ၁။ အရောင်းနှင့် စီမံခန့်ခွဲမှုနှင့် ပက်သက်သည့် မူဝါဒများ

    • ၁.၁။ အောက်ပါ အကြောင်းအခြင်းအရာများနှင့် ပက်သက်၍ ဖောက်ဖျက်ခဲ့ပါက လူကြီးမင်း၏ အရောင်း order ကို GNC ကုမ္မဏီမှ ရပ်ဆိုင်းခွင့် အပြည့်ရှိပါသည်။
      • (က) အရောင်းမှတ်တမ်း၊ အရောင်းOrder များကို လိမ်လည်၍ ပြုလုပ်ခဲ့ပါလျှင်
      • (ခ) GNC Myanmar Website မှ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်ခဲ့ပါလျှင်
      • (ဂ) Promo Code အလွဲသုံးစားမှုအတွက် စစ်ဆေးတွေ့ရှိခဲ့ပါလျှင်
      • (ဃ) တစ်ခြားသယ်ယူပို့ဆောင်ရေး၊ ပစ္စည်းပို့ပေးသည့် လုပ်ဆောင်ချက်များ အခက်အခဲတွေ့ရှိခဲ့လျှင်ဖြစ်စေ၊
      • (င) GNC Myanmar Website မှ ဝယ်ယူပြီး တခြားသို့ တဆင့်ပြန်လည်ရောင်းချနေသည်ကိုတွေ့ရှိသည်ဖြစ်စေ၊
  • ၂။ ပစ္စည်းရရှိဖို့လုပ်ဆောင်မှု စည်းကမ်းသတ်မှတ်ချက်များ

    • ၂.၁။ ဘယ်လိုအခြေအနေမျိုးမဆို GNC Website Customer များ၏ Order များကို ပြီးမြောက်အောင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။ အခြေအနေအကြောင်းအရင်း တစုံတရာကြောင့် မှာယူသည့်ပစ္စည်း မရရှိခဲ့ပါက GNC ကုမ္မဏီ၏ Customer Care ဌာနသို့ ဆက်သွယ်ပေးရမည်ဖြစ်ပါသည်။
  • ၃။ ပစ္စည်းပို့ဆောင်ခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ စည်းကမ်းချက်များ

    • ၃.၁။ GNC ကုမ္မဏီ Website ဝယ်ယူမှုပြုသော အရောင်းများအားလုံးကို Customer များလက်သို့ ပို့ဆောင်ရန်အတွက် ပြင်ပကုမ္မဏီ တစ်ခုဖြစ်သော Marathon ကုမ္မဏီမှ တာဝန်ယူမည်ဖြစ်ပါသည်။
    • ၃.၂။ Marathon ပစ္စည်းပို့ဆောင်မှုကုမ္မဏီသည်မှာယူထားသောပစ္စည်းမပို့ဆောင်ခင်ကို Website ဝယ်ယူသူထံသို့ ဖုန်းခေါ်ဆိုပါမည်။ ဖုန်းဖြင့် ဆက်သွယ်၍ ရမှသာ ပို့ဆောင်မှု လုပ်ဆောင်ချက်ကို စတင်ပါမည်။ Marathon Myanmar သည် ပစ္စည်းပို့ဆောင်ရာတွင် Customer ဆီသို့ (၇)ရက်တိုင်တိုင် ကြိုးစားဆက်သွယ်၍ ပစ္စည်းကို ရောက်အောင်ပို့ဆောင်မည်ဖြစ်သည်။
    • ၃.၃။ ပစ္စည်းပို့ဆောင်ရာတွင် Marathon Myanmar အနေနှင့် ပစ္စည်းOrder Form တွင် ဖြည့်သွင်းထားသော လိပ်စာကိုသာ ရောက်ရှိအောင်ပို့ဆောင်ပေးမှာ ဖြစ်ပါသည်။
    • ၃.၄။ သို့ဖြစ်ပါ၍ GNC Website မှ ဝယ်ယူကြသော Customer များသည် မိမိ၏နေရပ်လိပ်စာအပြည့်အစုံကို သေချာစွာ၊ မှန်ကန်စွာ ဖြည့်သွင်းပေးဖို့ အထူးလိုအပ်ပါသည်။
    • ၃.၅။ Delivery ပို့ဆောင်မှုပြုလုပ်ပေးမည်ဖြစ်သော အချိန်သည် လူကြီးမင်းပစ္စည်းမှာယူသော အချိန်နှင့် ဆက်စပ်ပြီး Marathon မှ သတ်မှတ်ထားသော ပို့ချိန်အတိုင်း လူကြီးမင်းတို့ Order များကို ရောက်ရှိအောင်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
    • ၃.၆။ လူကြီးမင်းတို့မှာယူသော ပစ္စည်းများ၊ Order သည်အကြောင်းတစုံတရာကြောင့် GNC ရုံးချုပ်သို့ ပြန်လည်ပေးပို့ရန်လိုအပ်လာပါက Marathon Myanmar အနေနှင့် ပစ္စည်းပို့ခကို ဝယ်ယူသူထံမှ ကောက်ခံမည်ဖြစ်ပါသည်။
    • ၃.၇။ GNC ကုမ္မဏီမှ ပစ္စည်းများမှာယူရာတွင် ပို့ဆောင်ပေး၍ရမည်။ မြို့များကို Order Form တွင် ကြည့်၍ ရွေးပြီး မိမိပို့ဆောင်မည့် ဒေသကိုရွေးချယ်၍Order တင်ယူနိုင်ပါသည်။ အကယ်၍ မိမိပို့ဆောင်စေလိုသော မြို့သည် GNC ကုမ္မဏီမှ ဝန်ဆောင်မှုပေးသော စာရင်းတွင် မပါဝင်ပါက GNC ကုမ္မဏီ၏ Customer Care 09.443 734 160 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
    • ၃.၈။ လူကြီးမင်းမှာယူသော ကုန်ပစ္စည်းတန်ဖိုးသည် မြန်မာငွေ ၁၅၀,၀၀၀ ကျပ် နှင့် အထက်ဖြစ်ပါက Marathon Myanmar ကုမ္မဏီ သည် ပစ္စည်း၏အာမခံတန်ဖိုးအဖြစ်နှင့် ဝယ်ယူထားသော အရောင်းတန်ဖိုးစုစုပေါင်း၏ (၁%)ကို အာမခံငွေအဖြစ်နှင့်ဝယ်ယူသူထံမှ ကောက်ခံမည်ဖြစ်ပါသည်။
    • ၃.၉။ GNC ကုမ္မဏီမှ ပစ္စည်းမှာယူရာတွင် ပို့ဆောင်ခ (Delivery Cost) ကို လူကြီးမင်း၏ အရောင်းစာရင်းတွဲပေါင်း၍ အဝယ်စာရင်း မပိတ်ခင်တွင် ဝယ်ယူသည့်တန်ဖိုးသို့ပေါင်းထည့်၍ ဝယ်ယူသူမှကျခံရမည်ဖြစ်ပါသည်။
  • ၄။ ကုန်ပစ္စည်းပြန်လည်ပေးပို့ခြင်းဆိုင်ရာ အချက်အလက်များ

    • ၁။ GNC Myanmar ကုမ္ပဏီမှဝယ်ယူထားသောကုန်ပစ္စည်းများကိုသာပြန်လည်လဲလှယ်မှုပြုလုပ်ပေးမည်ဖြစ်ပါသည်။
    • ၂။ GNC Myanmar Company Website မှ ဝယ်ယူထားသောပစ္စည်းများသည် Promotion item များဖြစ်ပါက ပြန်လည်လဲလှယ်ပေးခြင်းကိစ္စကို ပြုလုပ်ပေးမည်မဟုတ်ပါ။

    ပြန်လည်ပို့ပေးနိုင်သည့်အခြေအနေများ

    • ၁။ ရောင်းချပြီးသောပစ္စည်းများပြန်လည်ပေးပို့ခြင်းပြုလုပ်လိုပါက ဝယ်ယူထားသော ပစ္စည်းကို လက်ခံရရှိပြီး အချိန်မှ ၁ပတ်အတွင်းသာ ဖြစ်ရပါမည်။
    • ၂။ ပြန်လည်ပေးပို့လိုသောပစ္စည်းသည် အသုံးမပြုရသေးသော အကောင်းအကတိအခြေအနေတွင်သာ ဖြစ်ရပါမည်။
    • ၃။ ဝယ်ယူ၍ ပစ္စည်းလက်ခံပြီးနောက် ဝယ်ယူသူ၏အပြုအမူကြောင့် ပျက်စီးသွားသော ပစ္စည်းကို ပြန်လည်လဲလှယ်ခြင်းပြုမည်မဟုတ်ပါ။
    • ၄။ ပြန်လည်ပေးပို့လဲလှယ်လိုသူသည် original receipt ကိုတင်ပြနိုင်ရပါမည်။
    • ၅။ ပြန်လည်ပေးပို့လဲလှယ်လိုသောပစ္စည်းသည် packaging ကောင်းမွန်သော အနေအထားရှိမှသာ ပြန်လည်လဲလှယ်ခွင့် ကိုရမည်ဖြစ်ပါသည်။
    • ၆။ ပြန်လည်လဲလှယ်မှုပြုလုပ်ပါက ဝယ်သူသည် လဲလှယ်ရန်အတွက် ကုမ္ပဏီသို့ပေးပို့ရာတွင် ကုန်ကျစရိတ် ပေးပို့မှုအတွက် ကျခံရမည်ဖြစ်ပြီး ပြန်လည်လဲလှယ် ပေးပို့မှုအတွက် ကုမ္ပဏီဘက်မှ ဝယ်ယူသူထံသို့ပြန်လည်ပေးို့သော အခကြေးငွေကို ကုမ္ပဏီမှ ကျခံပေးမည်ဖြစ်ပါသည်။

    ပြန်လည်ပေးပို့ပုံ အဆင့်ဆင့်

    • ၁။ ဝယ်ယူသူအနေနှင့် ကုန်ပစ္စည်းများအား ပြန်လည်ပေးပို့ပါက ကုမ္ပဏီမှ ပြင်ဆင်ထားသော ပြန်လည်ပေးပို့လဲလှယ်သည့် ပုံစံစာရွက်ကို ဖြည့်စွက်ရမည်ဖြစ်ပါသည်။
    • ၂။ ပြန်လည်ပေးပို့လဲလှယ်သည့် ပုံစံဖြည့်ပြီးသည်နှင့် ဝယ်ယူသူသည် ၂၄နာရီအတွင်း GNC Customer Care Hotline သို့ပေးပို့ပြီးကြောင်း ဖုန်းဆက်အကြောင်းကြားရပါမည်
    • ၃။ GNC Myanmar ကုမ္ပဏီအနေနှင့် ပြန်လည်ပေးပို့လဲလှယ်မှုအတွက် ပစ္စည်းလက်လံရရှိပြီး အချိန်မှစ၍ ရုံးဖွင့်ရက်(၇)ရက်အတွင်းလဲလှယ်လိုသော ပစ္စည်းအား ဝယ်ယူသူထံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
  • ၅။ ကုန်ပစ္စည်းများ၏ အချက်အလက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်

    • GNC Myanmar ကုမ္မဏီ Website ပေါ်တွင် ဖော်ပြထားသော ကုန်ပစ္စည်းအချက်အလက် အကြောင်းအရာများသည် ပြည့်စုံတိကျ မှန်ကန်မှုအပြည့်ရှိအောင် တင်ပြထားပါသည်။ သို့သော်လည်းလူကြီးမင်းတို့အနေနှင့် Website ပေါ်တွင် တင်ပြပေးထားသော အကြောင်းအရာ အချက်အလက်များကိုသာ ယုံကြည်အားကိုးမှုမရှိဘဲမိမိအမှန်တကယ်ဝယ်ယူရရှိသည့် ကုန်ပစ္စည်းပေါ်တွင်ရေးသား ထားသော အချက်အလက်များကိုသာ ယုံကြည်အားကိုးမှုမရှိဘဲ မိမိအမှန်တကယ်ဝယ်ယူရရှိသည့် ကုန်ပစ္စည်းပေါ်တွင် ရေးသားထားသော အချက်အလက်သတိပေးချက်၊ ညွှန်ကြားချက်များကို သေချာစွာဖတ်ရှုပြီးမှသာ ကုန်ပစ္စည်းကို သုံးစွဲကြပါရန် တိုက်တွန်းအပ်ပါသည်။
  • ၆။ ကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒ

    • ၆.၁။ GNC Myanmar ကုမ္မဏီ Website သည် ဝယ်ယူသူများ၏ကိုယ်ရေးအချက်အလက်များကို သေချာသိမ်းဆည်းထားမည်ဖြစ်ပြီး တခြားမည်သည့်အဖွဲအစည်းကိုမှ ပြန်လည်ဝေဌခြင်း၊ ဖြန့်ဖြူးခြင်းကို လုပ်ဆောင်မည်မဟုတ်ပါ။
    • ၆.၂။ GNC Myanmar ကုမ္မဏီအနေနှင့် Website အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို လူကြီးမင်းတို့၏သဘောဆန္ဒ အလျောက်သာ သိမ်းဆည်းထားပြီး အသုံးပြုသွားမည်ဖြစ်ပါသည်။
    • ၆.၃။ ကျွန်ုပ်တို့ GNC Myanmar Website မှ ချမှတ်ထားသော ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒများကို သုံးစွဲသူအနေနှင့် လက်ခံနိုင်ခြင်းမရှိပါက GNC Myanmar Website ကို အသုံးပြုစရာမလိုတော့ပါ။

ယေဘူယျဆိုင်ရာ သတ်မှတ်ချက်များ”

  • ၁။ ပြင်ဆင်ချက်များနှင့်ပက်သက်သည့်မူဝါဒ

    GNC Myanmar Website ပေါ်တွင် ရေးသားထားသော စည်းကမ်းသတ်မှတ်ချက်များသည် GNC ကုမ္မဏီ၏ မူဝါဒအလျောက် ပြောင်းလဲလိုပါက ကုမ္မဏီမှ အချိန်မရွေး ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

  • ၂။ Applicable law

    GNC Myanmar ကုမ္မဏီ Website တွင် ဖော်ပြထားသော စည်းကမ်းသတ်မှတ်ချက်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများအတိုင်းအပြည့်အဝလိုက်နာဆောင်ရွက်ထားသည့်စည်းကမ်းချက်များဖြစ်ပြီးဥပဒေအာဏာကို အပြည့်အဝနာခံမည်ဖြစ်ပါသည်။

  • ၃။ ပြည်ပနိုင်ငံများမှအသုံးပြုသူများအတွက် စည်းကမ်းသတ်မှတ်ချက်

    GNC Myanmar Website သည် ပြည်ပနိုင်ငံများတွင်ရှိသော Customer များအတွက် အဆင်ပြေသော ဝန်ဆောင်မှုကိုမပေးနိုင်ပါ။ ပြည်ပနိုင်ငံများမှဝင်ရောက်ဝယ်ယူလိုပါက အကြောင်းတစုံတရာပြဿနာရှိလျှင် လူကြီးမင်း၏တာဝန်သာဖြစ်မည်ဖြစ်ပြီး၊ ပြည်တွင်း ဥပဒေများနှင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အသိပေးထားအပ်ပါသည်။

  • ၄။ Website အသုံးပြုသူအတွက် အသက် သတ်မှတ်ချက်

    GNC Website Myanmar အသုံးပြုသူသည် အသက် (၁၈)နှစ်အောက်ဖြစ်ပါက အသုံးပြုသူ၏ အုပ်ထိန်းသူ (သို့) မိဘ၏ခွင့်ပြုချက် ဖြင့်သာ Website ၏ ဝန်ဆောင်မှုများရရှိနိုင်မည်ဖြစ်ပါသည်။

  • ၅။ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ

    ဖုန်းဖြင့်ဆက်သွယ်ရန် - ၀၉ ၄၄၃ ၇၃၄ ၁၆၀
    အမှတ်(၅၃) က၊ တတိုင်းမွှေးလမ်း၊ဝါဝါဝင်းအိမ်ရာ ၊သာကေတမြို့နယ်၊ ရန်ကုန်မြို့။
    ယခုအထက်ပါဖော်ပြထားသော စည်းကမ်းချက်များကို မတ်လ ၁၂. ၂ဝ၂ဝ ခုနှစ်တွင် ရေးသားမှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။